RSS

Friday 22 April 2011

အိပ်မက် မမက်တာ ကြာရော့ထင့်



လမင်းက တရိပ်ရိပ်
ကြယ်တာရာ တ မှိတ် မှိတ်မှာ
စိတ်မှာတော့ ကြိတ် တိုး
ထိပ်ကို ထထထိုးလိုက်ချင်ပါဘိ
မြင်ကာကြည့်ကြတော့ ဆွေသဟာရယ်
မြေကမ္ဘာမှာ ကျနော်လောက် စိတ်ညစ်ညစ်နှင့်
အိပ်ပျက်ကြတာ များရပါလိမ့်
ပြောပြရင်လည်း ဒေါပွစရာတွေ ဖြစ်ရော့မယ်
ဒေါသကို သိက္ခာနှင့်ထိန်း
ညစဉ်ညစဉ် ဆူညံသံ တဒိန်းဒိန်းမှာ
(ကျုပ်မှာလေ)မှိန်းကာ စိတ်ညစ်ရသည်...
အိပ်မက်ဗလာရယ်နှင့်
အိပ်ပျက်ညလည်း များချေပြီ...။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၂၂-၄-၂၀၁၁)

0 comments:

Post a Comment