
အိပ်မရတဲ့ ညသန်းခေါင်မှာ
စိတ္တဇရဲ့ ညအမှောင်ဟာ
ကြောင်တောင်တောင် မျက်လုံးလေးတွေကို
အတွေးတွေလာပေးနေလည်း
ဆွေးနေတာတော့ မဟုတ်ပြန်
အဖန်ဖန်ညစ်စရာ အခန်းတစ်နေရာမှာ
အချစ်တစ္ဆေ မခြောက်ပေမယ့်
အပြစ်တွေရောက်ရောက်နေသလို
နှစ်ကိုယ်ကြင် အိမ်တစ်ဆောင်မှာ
ဘယ်လိုပင် ထိန်ပြောင်အောင် ကြိုးသော်လည်း
သြော်... ဘာဝဋ်ကြွေးလဲကွဲ့..
အခုတော့...အမေပြောတာ သားသိပေါ့...
တခြားကြည့်စရာမလိုတဲ့
သားဘ၀...။
0 comments:
Post a Comment