RSS

Thursday 31 March 2011

နွေဦးသင်္ကေတ




မိုးကောင်းကင်ကြီးမှာ ကြည်လင်သန့်ရှင်းတဲ့ရာသီပေါ့
နေရောင်ခြည်က ပန်းခင်းလေးကိုနမ်းသွားတယ်
လေပြေလေးက ရွက်ဝါလေးနှင့် ဆော့ကစားတယ်
အ၀ါရင့်ရင့် ပွဲတော်ရက်လေးက မြူးကြွနေတယ်
အဝေးတနေရာမှ ပုလွေသံလေးကို ညှင်းညှင်းလေးကြားခွင့်ရတယ်
ဥသြငှက်လေး က ရာသီကို လွမ်းမောအောင်ဖန်ဆင်းတယ်
မြက်ခင်းလေးတွေပေါ်မှာ ကျောခင်းရင်း ညဘက်မှာ ကြယ်တွေရေတွက်ကြမယ်
စိတ်ကူးတွေကိုရွက်လွင့်ရင်း မျှော်လင့်ချက်တွေနှင့် အသက်ဆက်ကြမယ်
မျှော်ရင်းလင့်သွားခဲ့တဲ့ အချိန်တွေကို နှမြောနေမယ့်အစား
နွေဦးကောင်းကင်မှာ အနာဂတ်ရာသီအတွက်
အိပ်မက်လှလှလေးတွေ ရေးကြမယ်
ကြယ်လေးတွေထောက်ခံတယ်
လမင်းကြီးကပြုံးလို့
ပုဇဉ်းရင်ကွဲလေးတွေ တိတ်ဆိတ်နေပြီ......
ဘာမဟုတ် ညာမဟုတ်နှင့်
ကျနော့် နှလုံးသားမှာ ကဗျာမိုးတွေ တဖွဲ့ဖွဲ့ရွာသွန်းလိုက်တယ်....
တကယ်ဗျ
အိပ်ရေးပျက်သွားတဲ့ နွေဦးညတစ်ညကို သတိယလာမိတယ်.....

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၂၀၀၉ သင်္ကြန်အမှတ်တရ)

0 comments:

Post a Comment