RSS

Thursday 31 March 2011

နှစ်သစ်အချစ်



ကံကြမ္မာနှင့်ခင်းထားတဲ့ဆောင်းည ညစာစားပွဲမှာ
လောကဓံတရားတွေဝန်းရံစောင့်ကြပ်လို့
နှင်းစက်လေးတွေနွှဲပျော်ကခုန်တဲ့ပွဲ-
အရှုံးတွေကကမ်းလှမ်းတယ်-
အမုန်းတွေလည်း အပြုံးတွေဖြစ်လာခဲ့ပြီနော်..
ဆောင်းရနံ့လေးက ဖွဖွလေးနမ်းသွားတယ်
ပြာသိုမို့ ခွာညိုပန်းတွေလန်းတာမဆန်းပေမယ့်-
ရာသီတိုင်း ဘာကြောင့် ငါလွမ်းနေရမှာလဲ…
မဆိုင်လိုက်တာဗျ-
ဒီတခါတော့အလှည့်အပြောင်းများတဲ့ရာသီလမ်းထဲ
ရွက်ဝါလေးတွေလည်း ရှက်တတ်လာကြပြီ..
အရောင်တွေပြောင်းသွားတဲ့ အချစ်အတွက်
အချက်ပေးအိပ်မက်တွေအော်မြည်လာရင်
ကမ္ဘာကြီးကိုပြောင်းပြန်-ပြန်လည်လိမ့်မယ်
ပျော်ရွှင်မှုတွေစည်းနှောင်ထားတဲ့ အချစ်တံခါးတွေပွင့်လာရင်
နေသာရက်မှာမင်းနှင့်ငါကဗျာတွေရွတ်ကြမယ်..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)
(1 - 1 - 2010)

(နှစ်သစ်ကူးည အမှတ်တရ)

0 comments:

Post a Comment