RSS

Thursday 31 March 2011

ပြောင်းလဲခြင်းနောက်ကွယ်က...


ရော်ရင့်လာတဲ့ ရွက်ဝါတွေကို ကြည့်ရင်း
ကိုယ့်ကိုယ်တိုင် ရွက်ဝါလေးအသွင်ဖြစ်သွားတယ်..
တကယ်တော့အမှန်ပါပဲ..
လေနှင်ရာ ရွက်လွှင့်ရာ
ရေကြည်ရာ မြက်နုရာ
နေခြည်ဖြာ လေပြည်သာ
အနီးအဝေး ခရီးလည်းမရွေးရပါဘူး..။
ကံစီမံရာ ကိန်းဆိုက်
လေယူရာ ယိမ်းလိုက်
ဆေးစက်ကျရာ မှိန်းလိုက်နှင့်
ကဗျာမဆန်တဲ့ဘဝ
ဘ၀က ကဗျာမဆန်
ကြာလေ ကြာလေ
ဘ၀ဟာ ဘ၀ဆန်လာလေလေပါပဲ..။
ရွက်နုတွေ ပြန်ဝေလာပြန်ပြီ..
အပြောင်းအလဲ
အဟောင်းအစွဲ
အကြောင်းအကွဲနှင့်
ခန္ဒာရင့်လာလေလေ
စိတ်ကူးတွေ သစ်သစ်လာလေပါပဲလေ..။
ဖြစ်နိုင်ရင်..ဘ၀အတွက်
အချိန်လေးနည်းနည်းနှင့် ပြန်နုပျိုချင်သေးတယ်..
လုပ်သင့်တာလုပ်ဖို့
လုပ်ချင်တာ လုပ်ဖို့
နောင်တဆိုတာ ထပ်မရှိစေဖို့.....။


ရွှမ်းသိင်္ဃ(တနင်္သာရီ)
(၄- ၂-၂၀၁၁)

0 comments:

Post a Comment