RSS

Wednesday 2 March 2011

Москва в моём сердце (နှလုံးသားထဲက မော်စကို)




♫ Москва - Москва – моя мечта!
Пожалуйста я люблю тебя, как друг.
Твоя красота для меня приятна.

♫ Москва - Москва – моя песня!
Пожалуйста ты люби меня, как друг.
Твоя литература -для меня интересна.

НВЕ ШВАН У
( РХТУ)
(4-2-2009)

မော်စကိုနှလုံးသား ကဗျာဖြစ်တည်ခဲ့ရတဲ့ နေ့လေးကတော့ မှတ်မှတ်ရရ..အဲဒီနေ့က စာရေးသူရဲ့ ငွေရတု မွေးနေ့ဖြစ်သည်..။ချစ်ညီကိုတစ်စု အမှတ်မထင် "ခရင်မလင်နန်းတော်" ရင်ပြင်ကို ဓာတ်ပုံရိုက်ထွက်ဖြစ်ကြသည်..။ ဖေဖော်ဝါရီလဆိုတော့ မော်စကိုမှာ ဆောင်းနှောင်းရက်လွန် နွေဦးပေါက်ရာသီကို စတင်အခြေချတဲ့ရာသီလေးပေါ့..။နှင်းစက်နှင်းမှုန်လေးတွေက တဖွဲဖွဲနှင့်ရယ်..။နေရောင်ပြပြနှင့် နှင်းအလှတွေက မြင်သမျှ ပသာဒဖြစ်ဖွယ်ပင်..။
အဆောင်မှ စထွက်ကတည်းက ဓာတ်ပုံတွေတဖျတ်ဖျတ်ရိုက်နေတော့ ရင်ပြင်လည်းရောက်ရော ဓာတ်ခဲအားက ပညာပြတော့သည်ပေါ့..။မရတချက်..ရတချက်နှင့် (အေးလည်းအေးတော့ ဓာတ်ခဲအားကုန်သွားသည်ပေါ့..) ။သို့အတွက် ချမ်းဒဏ် သက်သာစေရန်ရည်ရွယ်ရင်း ရင်ပြင်ဝန်းကျင်မှာရှိတဲ့ "ဂူးမ်"ကုန်တိုက်ထဲဝင်ခိုလှုံရသည်..။ ဟိုဆိုင်ဝင်-ဒီဆိုင်ထွက်နှင့် နောက်ဆုံး ဓာတ်ခဲတစ်စုံဝယ်ရင်း ဓာတ်ပုံဆက်ရိုက်ဖြစ်သည်..။ပထမနှစ်တုန်းကတော့ ဓာတုညီအကိုတွေ အတူသွားဖြစ်ကြသည်။နောက်ပိုင်း ဘာသာရပ်ဆိုင်ရာမေဂျာအလိုက် ဌာနကွဲသွားကြသည်မို့ တက္ကသိုလ်တစ်ခုတည်းပေမယ့် အတူဆုံဖို့ တော်တော်ခဲရင်းခဲ့သည်..။ မှတ်မှတ်ရရပြောရရင် ဒီနေ့ဟာ စာရေးသူတို့ အတူသွားဖြစ်တာ နောက်ဆုံးပဲလို့ ထင်မိသည်..။
ရင်ပြင်ဆိုကတည်းက လွင်ပြင်မခြား လေပြည်လေညှင်းက တဟုန်ထိုး တိုက်ခတ်နေသည်မို့ ချမ်းဒဏ်ကိုအန်တုရင်း စတိုင်လ်ထုတ်ရတာက ဟန်ပျက်လွန်းလှသည်..။မြန်မာတွေရဲ့နှလုံးသားတစ်နေရာက ရွှေတိဂုံလို့ပြောကြသလို ရုရှားတွေရဲ့ နှလုံးသားကလည်း ခရမ့်စနာရာ ပလော့ရှဒ်(RED SQUAR) မြန်မာလိုအားဖြင့် အနီရောင်ရင်ပြင်သာဖြစ်သည်လေ..။အနီရောင်လွင်ပြင်လို့ ခေါ်ဝေါ်ရသည်က ရင်ပြင်တလျှောက်ဘေးပတ်လည်တွင် အနီရောင် ရှေးဟောင်း အနုပညာလက်ရာ အဆောက်အဦများတည်ရှိခြင်းကြောင့်ဖြစ်သည်..။ ရုရှားနိုင်ငံ ပွဲတော်နေ့မှန်သမျှ ဤနေရာတွင်သာ အဓိကထားချီတက်ခင်းကျင်း ပြသ ကျင်းပကြသည်မို့ ရုရှားနိုင်ငံအတွက် အထင်ကရ နေရာတစ်ခုပင်ဖြစ်သည်..။
သည်လိုနှင့် စာရေးသူလည်း ငွေရတုမွေးနေ့ကို အကြောင်းပြုရင်း မော်စကိုနှလုံးသားဖြစ်တဲ့ အနီရောင်လွင်ပြင်မှာ ချမ်းအေးမှုကို အန်တုရင်း "နှလုံးသားထဲက မော်စကိုကဗျာ" လေးကို အမှတ်တရ အနေဖြင့် ရေးစပ်ခဲ့သည်ပေါ့..။ကဗျာကတော့ ဖတ်ရလွယ်ပြီး အသံသာသည်..။" မော်စကိုဟာ ငါ့ရဲ့အိပ်မက်..ငါ့ရဲ့ ကဗျာ..ငါ့ရဲ့သီချင်း..ငါ့ရဲ့နှလုံးသား စသဖြင့် ဆက်ပွား ထပ်ရေးချင်သေးသည်..။ကာရန်သဘောကို ညှိရင်း မော်စကို ကို သူငယ်ချင်းတယောက်လို သဘောထားရင်း စကားပြောတဲ့ပုံစံဖြင့် နင်ကိုင့ါချစ်တယ်.. ငါ့ကိုပြန်ချစ်ပါ..စကားလုံးကိုသုံးလိုက်ခြင်းသာဖြစ်သည်..။"
ဖတ်ရင်းနှင့် တော်တော်ပိုတာပဲလို့ တွေးကောင်းတွေးလိမ့်မည်ဟု ယူဆသည်..။အမှတ်တရထဲက အမှတ်တရတစ်ခုမို့ ကဗျာအသွင်ပြောင်းခံစားလိုက်ခြင်းသာဖြစ်သည်ဟု နားလည်ပေးရင် ဒီကဗျာ ရေးရကျိုးနပ်သည်ဟု ယူဆရပေမည်..။
အမှတ်တရ-
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(MUCTR- MOSCOW)

(ကဗျာချစ်သူတို့ ပျော်ရွှင် အဆင်ပြေပါစေဗျ..)

0 comments:

Post a Comment