RSS

Wednesday 2 March 2011

Ночь Москвы ( မော်စကိုညချမ်း)






မော်စကို ညရှုခင်းအလှ











* Как одну превосходную песню

Слышу звуки –это листья шурщат, покидая деревья.

* И как в ночь фестиваля огня

Миллион ламп горят очень ярко.

* И над ними как над цветами бабочки

Над Москвой летают луна и звёзды.
Как люблю я эту ночь Москвы
Но тем не менее
Я тихо говорю ей: «Я очень скучаю по дому»


НВЕ ШВАН У
(9-9-2008)

မော်စကိုညချမ်း ကဗျာလေးကို စာရေးသူ မော်စကိုမြို့ကို စရောက်တဲ့ ညမှာ ရေးဖြစ်ခဲ့ပါတယ်..။ စာရေးသူ နေခွင့်ရတဲ့ ပလန်ညောနာရာ(planernayar) ဘူတာအနီး Vilica -Lasica လမ်းရှိ အဆောင်အမှတ် (No.21/1) အလွှာ(၁၄)ရှိ အခန်းဆောင် (၁၇၅/၃) ကနေ ရှုစားလိုက်ရင်ပဲ မော်စကို ညရှုခင်းကို အပြည့်အ၀ ခံစားခွင့်ရသည်..။စာရေးသူရောက်တာက ဆောင်းဦးပေါက်ရာသီမို့ ရာသီပုံစံက တော်တော်လေးကဗျာဆန်သည်လေ..။ မော်စကိုစရောက်တာနှင့်ဆောင်းဦးလေပြည်နှင့် စတင် ထိတွေ့ခဲ့သည်ပေါ့..။မြန်မာပြည်မိုးရာသီလိုပါပဲ .. အခန်းဆောင်ထဲမှာ ကော်ဖီတခွက် တမြေ့မြေ့သောက်ရင်း ကဗျာရေးဖို့ ကောင်းလှသည်..။
ဗနူကိုဗါ (ВНУКОВО) ပြည်ပြည်ဆိုင်ရာလေဆိပ်(ရုရှား) ကို စတင် အခြေချကတည်းက ဗိုက်ထဲက တောင့်တနေတဲ့ အစာကို အဲဒီည (၇)နာရီလောက်မှ နယ်သား အခန်းမှာ တ၀ဆွဲခွင့်ရသည်လေ..။ ပြီးမှ ပြတင်းပေါက် ကိုအသာလေးဖွင့်ရင်း မီးရောင်စုံနှင့် အလှဝေဆာနေတဲ့ မော်စကိုမြို့ ညချမ်းလေးကို မြိန်မြိန်ကြီးခံစားရသည်ပေါ့..။ နှုတ်ဖျားကလည်း လှလိုက်တာ ..ကြည်နူးစရာကောင်းလိုက်တာ စသဖြင့် ရေရွတ်မိသည်လေ..။အမှတ်တရအနေဖြင့် ကဗျာအတွေးလေးတွေက စာရေးသူရဲ့ နှလုံးသားထဲ ခုန်ပေါက်ဝင်ရောက်လာသည်ဆိုရင် အထက်ပါ မော်စကို ညချမ်းကဗျာလေးကို ရေးလိုက်သည်ပေါ့..။
ကဗျာရဲ့ ပထမအပိုဒ်မှာ တော့..
" ဆောင်းဦးလေညှင်းလေးတွေ တိုးဝှေ့တိုက်ခတ်မှုကြောင့် ပေါ်ပေါက်လာတဲ့ သစ်ရွက်လေးတွေရဲ့ ရွက်ချင်းခတ်သံ...ရွက်ကြွေသံလေးတွေဟာ စာရေးသူအတွက် သာယာငြိမ့်ညောင်းတဲ့ သံစဉ်တေးတပုဒ်အလား ထင်မှတ်မှားရလောက်အောင် နားဝင်ပီယံ ကြားနေရတာကို ရေးလိုက်သည်..။"
ဒုတိယအပိုဒ်မှာတော့.....
" မီးရောင်စုံလင်းလက်တောက်ပ..လှချင်တိုင်းလှနေတဲ့ မော်စကိုညကို မီးပွဲတော်နှင့် ခိုင်းနှိုင်းမြင်ယောင် ရေးသားလိုက်သည်..။"
နိဂုံးအပိုဒ်မှာတော့.....
" မော်စကို ညချမ်းကို ပန်းခင်းအသွင် ခိုင်းနှိုင်းရင်း ပန်းခင်းကြီးထဲ လိပ်ပြာလေးတွေပျံဝဲသွားကြသလို ညကောင်းကင် အထက်ဝန်းကျင် မှာလည်း သော်တာလမင်းနှင့် ကြယ်တာရာလေးတွေကလည်းလင်းလက် ပျံသန်းနေကြသည်ပေါ့..။ အရမ်းကိုပသာဒဖြစ်ရတဲ့အတွက် စာရေးသူအတွက် ကြည်နူးချစ်စရာကောင်းတဲ့ ညလေးဖြစ်တဲ့အကြောင်းနှင့် ပထမဦးဆုံးစရောက် ပထမဦးဆုံးစတင်ကြည့်ခွင့်-ခံစားခွင့်ရတဲ့ ညလေးမို့ အမှတ်တရဖြစ်သည်ပေါ့..။ဒါ့ကြောင့်လည်း စာရေးသူအနေဖြင့်- ငါ..အိမ်ကို အရမ်းလွမ်းနေပြီ ညလေးရယ်.".လို့သာ.. ဒီညလေးကို တိုးတိုးညင်ညင်လေး ရင်ဖွင့်စကားလေးဆိုလိုက်သည့်သဘောနှင့် အမှတ်တရ ရေးလိုက်တဲ့ပုံစံကို ညွှန်းဆိုထားခြင်းသာဖြစ်သည်..။

ကဗျာအတွေးထဲ စီးမျောရင်း အိမ်ကို အရမ်းသတိယမိတာတော့အမှန်ပင်..။အိမ်ကို အရမ်း သတိယတဲ့အချိန်..စိတ်ညစ်တဲ့အချိန်ဆို မော်စကိုညချမ်းလေးကို ရှုစားရင်း အမောပြေလိုက်ရတဲ့အရသာကတော့ ဂျာကွားတခွက် .ဘော်ကာတပက်နှင့်တောင်မလဲနိုင်တာတော့အမှန်ပါပဲ..။ညှင်းညှင်းတိုက်ခတ်လာတဲ့ ညလေပြည်က လူကိုလန်းဆန်းတက်ကြွစေသလို ပျော်ရွှင်ချမ်းမြေ့မှု အတွေးတွေကို ပေးစွမ်းသည်လေ..။ဘာပဲဖြစ်ဖြစ် ..စာရေးသူအတွက် တော့ မပျော်ခဲ့ရတဲ့ အဖော်မဲ့ည အလွမ်းတွေကို ဖြေဖျောက်ပေးစေတဲ့ ညလေးမို့ ထာဝရအမှတ်တရဖြစ်စေသည်လေ..။
ဖတ်ရင်းနှင့် ကဗျာဆန်သောအတွေးများနှင့် ရယ်စရာအတွေးများပေါ်ပေါက်လာရင်ပဲဖြစ်ဖြစ် ခံစားမှုရသ တခုခုရရင် မော်စကို ညချမ်းကဗျာ ရေးရကျိုးနပ်သည်။ (မော်စကိုညချမ်းလေးကို အမှတ်တရဖြစ်စေရန်သာရည်ရွယ်ပါသည်...)

အမှတ်တရ-
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(MUCTR - MOSCOW)

(ကဗျာချစ်သူအားလုံး ပျော်ရွှင်မှုအပြည့်အ၀ရပါစေဗျ....။)

0 comments:

Post a Comment