RSS

Wednesday 2 March 2011

МАЛЕНЬКИЙ ВОРОБЕЙ (စာကလေး)





* Я маленький воробей
сижу на дереве.
Каждый день я пою
Это - мой долг.

* Вы можете видеть мою красоту?
Я пою для одиноких.
Я маленький воробей
Пою мелодии.

НВЕ ШВАН У
(РХТУ)
(31-12-2007)

မော်စကို အမှတ်တရကဗျာများအကြောင်းကို ပြောရရင် အထက်ပါ စာကလေး ကဗျာကို ချန်ထားလို့မရပါ...။စာရေးသူအတွက် အမှတ်တရများစွာဆောင်ကြဉ်းပေးတဲ့ ကဗျာလေးလို့ ဆိုသော် မှားမည်မထင်ပါ။
ဒီကဗျာလေးကို ရုရှားလို အသက်မသွင်းမီ အတိတ်ဆီ ခဏပြန်သွားကြည့်ကြပါစို.။
စာရေးသူ မော်စကို မလာမီ ပြင်ဦးလွင်မှာ ဘာသာစကားသင်စဉ်တုန်း အချိန်ပေါ့..။ ဘာသာစကား မတတ်တခေါက် တတ်တခေါက်နှင့် ရုရှားလို ကဗျာစရေးဖြစ်ခဲ့သည်..။ အဲဒီကဗျာလေးကို စာရေးသူအနေဖြင့် ရုရှားဆရာမ မာရီနာ အလက်ဇန္ဒားနား စတရီကိုဗာ ကို နှစ်သစ်ကူးပို့စကတ်နှင့်အတူ လက်ဆောင်ပေးဖြစ်ခဲ့သည်..။ဆရာမကလည်း စာရေးသူအား ပို့စကဒ်အနောက်မှာ ကျေးဇူးတင်ကြောင်း နှင့် ကဗျာလေးကို ကြိုက်တဲ့ အကြောင်းရေးပြီး အမှတ်တရ လက်မှတ်ထိုးပေးသည်..။
ပြင်ဦးလွင် ဆောင်းလေအေးအေး မှာ ချယ်ရီပွင့်တွေအကြား စာကလေးတွေက ပြုံးပျော်လို့..။စာရေးသူအတွက်တော့ အရာရာ သတိယစရာလေးတွေသာဖြစ်စေခဲ့သည်လေ..။
မော်စကိုရောက်တော့လည်း အဲဒီကဗျာလေး ကိုပဲ ဆရာတင်ချိုဦးရဲ့ Little sparrow သံစဉ်ကို ရယူရင်း ရုရှားအသံထွက်ပုံစံပြောင်းပြီး ဒီပလိုမာပေးတဲ့အခမ်းအနားမှာ ရွတ်ဆိုဖြစ်ခဲ့သည်..။ စာငယ်လေးတွေရဲ့ ဘာသာဘာဝ ကို ကိုယ်တိုင်ခံစားရင်း လောကအတွက် သာယာတဲ့သံစဉ်လေးတွေ နှင့် တာဝန်ကျေကြပုံ...။အလွမ်းသမား..အသည်းကွဲသမား.. အထီးကျန်ဖြစ်သူတွေအတွက် နှစ်သိမ့်တဲ့သံစဉ်လေးတွေနှင့် ဖြေသိမ့်နေပုံ လေးကို မြင်ယောင်လာအောင် ဖော်ပြရင်း ကဗျာလေးကို အသက်သွင်းခွင့်ရခဲ့သည်လေ..။ကဗျာလေးကို ရွတ်ဆိုမိတိုင်း ၂၀၀၇-၂၀၀၈နှစ်သစ်ကူးညနှင့် ၂၉-၆-၂၀၀၉ ဘာသာစကားဒီပလိုမာအခမ်းအနားကို မြင်ယောင် သတိရမိနေသည်ကတော့အမှန်ပင်ဖြစ်သည်..။
ပုံမှန်အားဖြင့် လူတော်တော်များများဟာ စာကလေးတွေ အော်မြည်သံကို မဆိုလင့် စာကလေးဆိုသော အလွန်သေးနုပ်တဲ့ ငှက်လေးတွေရဲ့ အလှကိုခံစားဖို့ (သတိထားမိဖို့) ဆိုရာ တော်တော်ခက်ခဲလှသည်..။ တနေ့တာ သွားလာလှုပ်ရှားတာနှင့် အလုပ်တာဝန် စည်းကမ်းတွေနှင့်သာ အချိန်တွေကုန်လွန်သွားကြသည်..။သဘာဝအလှ သဘာ၀၀န်းကျင်မှာဖြစ်ပျက်နေတဲ့ အလှလေးကို ခံစားမိဖို့ရာ မေ့နေတတ်ကြတာအမှန်ပင်..။ဤသို့ဆိုရင် လူဘ၀က တော်တော်လေး ရိုဘော့ ဆန်သွားပြီလေ..။တခါတလေပဲဖြစ်ဖြစ် - သဘာဝအလှလေးတွေကို ခံစားရင်း စိတ်အပန်းဖြေကြည့်ချင်စိတ်ပေါက်လာရင် "တစွီစွီ" တေးဆိုရင်း ဟိုဒီခုန်ပေါက် မြေပေါ်ပျံဝဲနေတဲ့ စာကလေးတွေရဲ့ သဘာဝလေးတွေကို လေ့လာပြီး ကဗျာအတွေးတွေ အဆင့်ဆင့် အသစ်သစ်ထပ်တွေးကြပါစို့ရဲ့..။
အမှတ်တရ-
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(MUCTR - MOSCOW)

(ကဗျာချစ်သူတို့ သဘာဝအလှတရားကို ခံစားနိုင်ကြပါစေ..)

0 comments:

Post a Comment